အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အဖွဲ့ဝင်များအား ရန်ကုန်မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Mohammad Sufiur Rahman က (၁၉.၅.၂၀၁၆) ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်သူချင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပြင် တူညီသည့် အချက်များတွင် ပူးပေါင်းဆောင်ရွက်၍ အမြင်မတူသည့် အချက်များတွင် Win-Win အခြေအနေသို့ ရောက်ရှိစေရန် ညှိနှိုင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါ်ထုမေ၊ ကော်မတီဝင်များဖြစ်ကြသော ဦးခွန်သိန်းဖေ၊ ဦးစိုင်းအုန်းကျော်၊ ဦးနိုင်ကိုကို၊ ဦးရဲမြင့်စိုး၊ ဦးဇော်ဟိန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။