Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၃၀.၁.၂၀၂၀)ရက်နေ့ (၁၂:၁၅)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် IPU နှင့် ပူးပေါင်းဆောင်ရွက်မည့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိစ္စ၊ IPU မှ ပေးပို့လာသော လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးများအား ကျား/မ ခွဲခြားဆက်ဆံမှု၊ နှောင့်ယှက်မှု စာတမ်းကိစ္စနှင့် လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကော်မတီဝင်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃: ၃၀) နာရီတွင် ရုပ်သိမ်းပါသည်။