Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား MR. JEAN- MARC BRULE, CHAIRMAN, (GREEN LOTUS FOUNDATION) MP OF PARIS REGION FROM GREEN PARTY က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့်အဖွဲ့ဝင်များအား Mr. Jean- Marc BRULE, Chairman, (Green Lotus Foundation) MP of Paris Region from Green Party က (၉- ၅- ၂၀၁၆) ရက်နေ့ နံနက် (၁၁ : ၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများ၊ သဘာဝအရင်းအမြစ်များဖြစ်သည့် နေ၊ လေ၊ ရေတို့ကို အသုံးချ၍ သဘာဝစွမ်းအင်များ ထုတ်လုပ်နိုင်ရေးကိစ္စများ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် ကြုံတွေ့လာရမည့် ကိစ္စများ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာကိစ္စများ၊ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာကိစ္စများနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့်အတူ ကော်မတီဝင်များဖြစ်ကြသော ဦးစိုင်းအုန်းကျော်၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးနိုင်ကိုကို၊ ဦးစခင်ဇော်လင်း၊ ဦးဇော်ဟိန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။