အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် Namati Myanmar အဖွဲ့အား (၅.၁၂.၂၀၁၈)ရက်နေ့(၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15 )ရှိ ကော်မတီ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
လက်ခံတွေ့ဆုံစဉ် မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ Namati Myanmar ၏ အကြံပြုချက်များအပေါ် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး နှင့် ကော်မတီအဖွဲ့ဝင်(၆)ဦး Namati Myanmar မှ စီမံကိန်းအရာရှိ(၂)ဦးနှင့် မူဝါဒရေးရာ အရာရှိ(၁)ဦး တက်ရောက်ခဲ့ကာ အစည်းအဝေး ကို(၁၄၂၀)နာရီတွင် ရုပ်သိမ်းပါသည်။