Share this

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များတို့၏ တွေ့ဆုံဆွေးနွေးပွဲကို ရေးရာဆောင် (I – 15) အစည်းအဝေးခန်းမ၌ (၂၀-၈-၂၀၁၉) ရက်နေ့ (၁၃၃၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် “ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားရာတွင် အခက်အခဲများဖြစ်ပေါ်နေခြင်း၊ လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုခွင့်မရှိဘဲ အသုံးပြုနေခြင်း၊ မြေနုကျွန်း လုပ်ပိုင်ခွင့် အငြင်းပွားခြင်း၊ လက်ရှိကွင်း မြေပုံများကို Digital မြေပုံရေးဆွဲနေခြင်းတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို (၁၅၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။