အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ကြီးမှူး၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် မြေယာမဏ္ဍိုင်အဖွဲ့ (Land Core Group)တို့ အပြန်အလှန်ဆွေးနွေးခြင်း (Debate) အခမ်းအနားအား (၁၂-၁၂-၂၀၁၉)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော် J ဆောင် ထမင်းစားခန်းမ၌ ကျင်းပခဲ့ပါသည်။
ထိုကဲ့သို့ အပြန်အလှန်ဆွေးနွေးခြင်း၌ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဉပဒေများ၏ စိန်ခေါ်မှုများဖြစ်သည့် လယ်ယာမြေဉပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဆိုင်ရာ စီမံခန့်ခွဲရေးဉပဒေ၊ မြေယာအုပ်ချုပ်မှုဆိုင်ရာ သဟဇာတမဖြစ်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြေယာမှုခင်းများနှင့် ပတ်သက်၍လည်းကောင်း၊ မြေနှင့် အရင်းမြစ် ဆိုင်ရာ အခြားဉပဒေများနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အပြန်အလှန်ဆွေးနွေးခြင်း (Debate) အခမ်းအနားသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ အပါအဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် (၆၆)ဦး တက်ရောက်ခဲ့ပြီး မြေယာမဏ္ဍိုင်အဖွဲ့ (Land Core Group)မှ (၅)ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ (၃)ဦး တက်ရောက်ခဲ့ကာ အပြန်အလှန်ဆွေးနွေးခြင်း (Debate) အခမ်းအနားအား (၁၇:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။