Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် “မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ဥပဒေကြမ်း”နှင့်ပတ်သက်သည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအားဖိတ်ကြား၍ ဆွေးနွေးညှိနှိုင်းခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ Myanmar Post and Telecommunications (MPT), Telenor Myanmar Limited, Ooredoo Myanmar Limited, Mytel Myanmar Limited တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက (၂၆.၁၁.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17)အောက်ထပ်အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းဆွေးသည်။

ယင်းတွေ့ဆုံရာတွင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက “မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်ဥပဒေကြမ်း”နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။