အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက (၁၂.၃.၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-17) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းတွေ့ဆုံရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ ဦးအောင်မြင့်ဦး (ညွှန်ကြားရေးမှူးချုပ်)နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီး၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ကလေးဝ-ကျီးကန်း-တမူး တံတား(၆၉)စင်း၏ လက်ရှိဆောင်ရွက်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်လတ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။