Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်များအား Myanmar Fisheries International Joint Venture Limited (MFIJV Ltd) မှ Managing Derector ဖြစ်သူ Mr.Jean PICHON က လာရောက်တွေ့ဆုံ

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ (MFIJV Ltd) ၏ Managing Derector ဖြစ်သူ Mr.Jean PICHON က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်စက်မှုဇုံရှိ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကြီးအတွက် ထပ်မံရင်းနှီးမြှုပ်နှံမည့် ဒေါ်လာသန်း(၂၀) ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ တင်ပြစာကို အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့  လွှဲပြောင်းတာဝန် ပေးချက်အရ (၂၅.၁.၂၀၁၉)ရက် နေ့လယ်(၁၂၀၀)နာရီအချိန်တွင် ရေးရာဆောင် အမှတ် (I-14)အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ အဖွဲ့ဝင်(၁၀)ဦး တက်ရောက်ကြပါသည်။