Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် တောင်သူလယ်သမားရေးရာကော်မတီသို့ ICCO Cooperation မှ လာရောက်တွေ့ဆုံညှိနှိုင်းဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် တောင်သူလယ်သမားရေးရာကော်မတီသို့ ICCO Cooperation မှ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုမှသည် ပို့ကုန်မြှင့်တင်နိုင်မည့် သုတေသနရလဒ်များ၊ စိုက်ပျိုးရေး ထုတ်ကုန်များ အရည်အသွေးမြင့်မားရေးနှင့် ကုန်သွယ်မှုတိုးတက်ရေးဆိုင်ရာ မူဝါဒရေးရာအကြံပြုချက်များနှင့် စပ်လျဉ်း၍ (၂၉.၁၁.၂၀၁၉)ရက် (သောကြာနေ့) နေ့လယ် ၁၃၃၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-14)အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကော်မတီဝင်ကိုယ်စားလှယ်(၁၁)ဦး၊ တောင်သူလယ်သမားရေးရာကော်မတီမှ ကော်မတီဝင်ကိုယ်စားလှယ်(၅)ဦးနှင့် ICCO Cooperation မှ (၆)ဦး စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။