ကရင်ပြည်နယ်အတွင်း Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို (၇.၄.၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကရင်ပြည်နယ်အတွင်း Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေအတွက် အမျိုးသားလွှတ်တော်ရုံးမှ လှူဒါန်းငွေ ကျပ် သိန်း (၅၀)တိတိအား ပေးအပ်လှူဒါန်းရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ခံရယူသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။