အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒါရိုက်တာ ဦးဝင်းလှိုင်၊ ရေပညာရှင်နှင့် အမျိုးသားရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဦးချိုချိုနှင့် အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်းနှင့် အဖွဲ့သည် (၅-၁၂-၂၀၁၉)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ်အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရေအရင်းအမြစ်ဆိုင်ရာအဖွဲ့အစည်းများ၊ ရေဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများ စသည့်ကဏ္ဍများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ကော်မတီမှလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး စခင်ဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ကော်မတီရုံးဝန်ထမ်းအဖွဲ့များ၊ Ayeyarwady Integrated River Basin Management (AIRBM) Project အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။