Share this

စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀)နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း တို့၌ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်နိုင်ရန်ကိစ္စနှင့် စပ်လျဉ်းသည့် အစည်းအဝေးပြုလုပ်ခြင်း

လှုပ်ရှားမှုများ

စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀)သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့၌ ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်နိုင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်    (၁၇.၇.၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I - 14) တိုင်းရင်းသားရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ စိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀)၏ ဥက္ကဋ္ဌဒေါ်နွယ်နွယ်အောင်နှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။