Share this

စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးပြုလုပ်ခြင်း

သတင်းနှင့် ပြန်ကြားရေး

စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၂၅-၇-၂၀၁၉)ရက်နေ့ ၁၃၀၀ နာရီအချိန်တွင်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၂၅-၇ -၂၀၁၉)ရက်နေ့ ၁၅၀၀ နာရီအချိန်တွင်လည်းကောင်း အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ စိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀) ၏ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။