အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် Forum of Federations (FOF) ၏ ဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင် နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် (၆.၈.၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-14) အောက်ထပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ဖက်ဒရယ်ကျန်းမာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။