Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် Asian Development Bank မှ Country Director, Newin Sinsiri ဦးဆောင်သော အဖွဲ့တို့သည် မကူးစက်တတ်သော ရောဂါများ ကာကွယ်ခြင်း၊ ကုသခြင်း စီမံကိန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် Asian Development Bank မှ Country Director, Newin Sinsiri ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို (၂၅.၇.၂၀၁၉)ရက်နေ့ (၁၂၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14)အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Asian Development Bank မှ Country Director, Newin Sinsiri ဦးဆောင်သော အဖွဲ့တို့သည် မကူးစက်တတ်သော ရောဂါများ ကာကွယ်ခြင်း၊ ကုသခြင်း စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Asian Development Bank မှ Country Director, Newin Sinsiri ဦးဆောင်သော အဖွဲ့များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၀၀)နာရီတွင် ရုပ်သိမ်းပါသည်။