Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် ရေကူးအားကစားသမားများ၏ မိဘများကိုယ်စား ဒေါ်စန်းစန်းတင် ဦးဆောင်သော အဖွဲ့တို့သည် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်များ တိုးတက်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီနှင့် ရေကူးအားကစားသမားများ၏ မိဘများကိုယ်စား ဒေါ်စန်းစန်းတင် ဦးဆောင်သော အဖွဲ့တို့သည် (၂၃.၃.၂၀၂၀)ရက်နေ့ (၁၃:၄၅)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-14) အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရေကူးအားကစားသမားများ၏ မိဘများကိုယ်စား ဒေါ်စန်းစန်းတင် ဦးဆောင်သော အဖွဲ့တို့သည် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်များ တိုးတက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရေကူးအားကစားသမားများ၏ မိဘများကိုယ်စား ဒေါ်စန်းစန်းတင် ဦးဆောင်သော အဖွဲ့တို့ တက်ရောက်ပြီး အစည်းအဝေးကို (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းပါသည်။