အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Westminster Foundation For Democracy (WFD) မှ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley တို့ တွေ့ဆုံဆွေးနွေးပွဲကို (၁.၈.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Westminster Foundation For Democracy (WFD) မှ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley သည် မကူးစက်တတ်သော ရောဂါများမှ ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ လျော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Westminster Foundation For Democracy (WFD) မှ အကြံပေးပုဂ္ဂိုလ် Sir Hugh Bayley တက်ရောက်ပြီး အစည်းအဝေးကို (၁၄၃၀) နာရီတွင် ရုပ်သိမ်းပါသည်။