Share this

ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley သည် အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုများ လျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley တို့ တွေ့ဆုံဆွေးနွေးပွဲကို (၁၉.၁၁.၂၀၁၉)ရက်နေ့ (၁၂၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-14) အောက်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley သည် အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုများလျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာ ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Westminster Foundation for Democracy (WFD)မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ Sir Hugh Bayley တို့တက်ရောက်ပြီး အစည်းအဝေးကို (၁၃၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။