Share this

ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊ နမ့်မှော်လုပ်ကွက်တွင် ပတ္တမြားနဂါးကုမ္ပဏီမှ မြေအောက် လိုဏ်ခေါင်းတူးဖော်မှုစနစ်နှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊   သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီအား ပတ္တမြားနဂါးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးနေဝင်းထွန်း နှင့် အဖွဲ့သည် (၂၆.၁၁.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-17) အပေါ်ထပ်အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၊နမ့်မှော်လုပ်ကွက်၊ ပတ္တမြားနဂါးကုမ္ပဏီမှ ကျောက်စိမ်းရတနာများ မြေအောက်ဆင်းတွင်းနှင့် လိုဏ်ခေါင်းတူးဖော်မှုနည်းစနစ်နှင့် စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြခဲ့ကြပြီး ကော်မတီမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ၊ အတွင်းရေးမှူး စခင်ဇော်လင်းနှင့် အဖွဲ့ဝင်များ၊  ကော်မတီရုံးဝန်ထမ်းအဖွဲ့များ၊  WFD မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။