
| ၁။ | အကြိမ် | - | ဒုတိယအကြိမ် |
| ၂။ | အမည် | - | ဒေါက်တာမိုးမြင့်အောင် |
| ၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ။ |
| ၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
| ၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၇/ပခန(နိုင်)၁၁၃၁၉၈ |
| ၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၃-၀၄-၁၉၆၉ / (၄၉) နှစ် |
| ၇။ | မွေးဖွားရာဇာတိ | - | ပဲခူးမြို့။ |
| ၈။ | ပညာအရည်အချင်း | - | M.B.B.S (YGN) |
| ၉။ | လက်ရှိအလုပ်အကိုင် | - | ဆရာဝန် (ကိုယ်ပိုင်ဆေးကုခန်း) |
| ၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးအုန်းကြွယ် (ကွယ်လွန်) |
| ၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ခင်မြင့်၊ ၇/ပခန(နိုင်)၁၁၃၂၀၀၊ (မှီခို) |
| ၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သင်းသင်းဌေး၊ ၇/သနပ(နိုင်)၀၆၄၅၈၂၊ ဆေးဆိုင် |
| ၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (က) မဆုမြတ်နွယ်ရည်၊ ၇/သနပ(နိုင်)၁၄၅၄၈၉၊ ကျောင်းသူ။ ( ခ ) မသီရိနွယ်ရည်၊ ကျောင်းသူ။ |
| ၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | (၅၄) မြရတနာလမ်း၊ ဘူတာပိုင်း၊ သနပ်ပင်မြို့၊ ပဲခူးတိုင်းဒေသကြီး။ |
| ၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
| ၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) |
အ.လ.က၊ ဖလေးကျေးရွာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊အ.ထ.က(၃) ပဲခူးမြို့၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်မြို့။
၂၄.၇.၂၀၁၃ လက်ထောက်ဆရာဝန်၊ ပြည်သူ့ဆေးရုံ၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၀၄ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ တွန်းဇန်မြို့၊ ချင်းပြည်နယ်၊ ၂၀၀၆ မှ ယနေ့အထိ ကိုယ်ပိုင်ဆေးကုခန်း၊ မင်းရွာ၊ သနပ်ပင်မြို့နယ်နှင့် ကိုယ်ပိုင်ဆေးကုခန်း၊ ဘူတာပိုင်း၊ သနပ်ပင်မြို့။
၂၀၀၈ နာဂစ်ပြန်လည်ထူထောင်ရေးဆေးခန်းအမှတ်(၂) တာဝန်ခံဆရာဝန်၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၀၉ နယ်လှည့် ငှက်ဖျားရောဂါကုသ/တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် (I.O.M) မွန်ပြည်နယ် ပါရမီကုသိုလ် ဇီဝိတဒါန အခမဲ့ဆေးခန်း၊ အတွင်းရေးမှူး၊ သနပ်ပင်မြို့။ လောဟိတ သွေးလှူရှင်အသင်း၊ ဥက္ကဋ္ဌ၊ သနပ်ပင်မြို့။ ဗိမာန်ရှင် ကုသိုလ်ဖြစ် ဆေးခန်းအမှုဆောင်၊ ပဲခူးမြို့။ မြတ်ပါရမီကုသိုလ်ဖြစ်ဆေးခန်း၊ အုန်းနှဲကျေးရွာ၊ ကဝမြို့နယ်။ မဏ္ဏိုင်ကြယ်စင် ကုသိုလ်ဖြစ် ဆေးခန်း၊ ကဝမြို့နယ်၊၊ ၂၀၁၄-၁၅ တက္ကသိုလ်ဝင်တန်းပါရမီ ကုသိုလ် အခမဲ့ပညာဒါန သင်တန်းကို ဦးဆောင်ဖွင့်လှစ်ခဲ့ပါသည်။ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်များတွင် မိုးတွင်းကာလရေဘေးကယ်ဆယ်ရေးနှင့် နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှုများတွင် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ခဲ့ပါသည်။
မှတ်ချက်