ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး
၂၃ ရက်မြောက်နေ့ အစီအစဉ်
[ ၂၇ - ၂ - ၂၀၁၈ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၂၃ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးအောင်ကျော်စိုး၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကယားပြည်နယ်၊ ပြည်နယ်တရားလွှတ်တော် (Hight Court)ရုံးကို လာမည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်၌ ထည့်သွင်း ရေးဆွဲ၍ အသစ်ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးစိုင်းသန်းနိုင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်း ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဒေါ်လွီးဇာ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကယားပြည်နယ်၊ ဖရူဆိုမြို့မှ ဒိုးပရယ်ရွာအထိကို ကတ္တရာလမ်းအဖြစ်လည်းကောင်း၊ ဒိုးပရယ် ရွာမှ လျားဒူရွာအထိကို ကျောက်ချောလမ်းအဖြစ်လည်းကောင်း အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဦးဇော်မင်းလတ်(ခ) ဦးကိုလတ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ တောင်လားကျေးရွာ အုပ်စုနှင့် တောင်ကွဲကျေးရွာအုပ်စု(၃)ခုကို ဆက်သွယ် ဖောက်လုပ်ထားသော နန်းတိုင်း - တောင်လား - တောင်ကွဲ ကျေးလက်လမ်း ၁၅ မိုင် ၄ ဖာလုံကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ / မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးဇာတ် ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act) ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-
- ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၂၄ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။