Share this

၂၀ ရက်မြောက်နေ့ အစီအစဉ် (၁၃ - ၉ - ၂၀၁၉)

Friday, September 13, 2019 - 08:08
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၂၀ ရက်မြောက်နေ့ အစီအစဉ်

[ ၁၃ - ၉ - ၂၀၁၉ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၂၀ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကာကွယ်ရေးဝန်ကြီး ဌာနမှ သိမ်းယူထားသော မွန်ပြည်နယ်၊ မော်လမြိုင်ပညာရေးကောလိပ်၏ ကျောင်းပိုင်မြေဧရိယာ (၄.၇၆၆)ဧကအား ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တိုင်းရင်းသားများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည် အခြေချ နေထိုင်နိုင်ရေး မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာ ရေကူးအဖွဲ့ချုပ် အပါအဝင် အခြားအားကစား အဖွဲ့ချုပ်များဖြစ်သည့် (ကျွမ်းဘား၊ E-Sport) ဖွဲ့စည်းခြင်းတို့အား အသစ်ပြန်လည် စိစစ်ဖွဲ့စည်းခွင့် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ ခုတင်(၅၀)ဆံ့ ဆေးရုံ၊ တိုက်နယ်ဆေးရုံများအပါအဝင် ကျန်းမာရေးဌာနနှင့် ဌာန(ခွဲ)များတွင် ဆေးဝါးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ခံတွင်းကင်ဆာ ဖြစ်စေနိုင်သော ဓာတုဗေဒပစ္စည်းများသုံး၍ ထုတ်လုပ်နေသော ကွမ်းသီးနှင့် ကွမ်းယာလုပ်ငန်းများအပေါ် မည်ကဲ့သို့ ထိန်းသိမ်းကြပ်မတ်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ဝန်ထမ်းများ လုံလောက်စွာ ခန့်ထားပေးရန်နှင့် တိုင်းရင်းဆေးရုံ အဆောက်အအုံအား ပြင်ဆင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးရှေးရယ်ရှုမောင်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ကယား ပြည်နယ်တွင် ဖွင့်လှစ်ထားသော သူနာပြုသားဖွားဒီပလိုမာ သင်တန်းကျောင်း များတွင် ဒေသခံကျောင်းသူ/ကျောင်းသားများ တက်ရောက်ခွင့်၊ ဖြေဆိုခွင့် ရရှိရေး နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ပလတ်စတစ်ဘူးထဲ ထည့်ထားသည့် ရေနှင့် အချိုရည်များသည် ပူပြင်းသောနေရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ပြည်သူလူထု ပိုမိုသိရှိနားလည်လိုက်နာလာစေရန် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ဆင်တဲကျေးရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ) အဆောက်အအုံသစ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့     ထားသော လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။

၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

    -ဦးကျော်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

၉။ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)နှင့် စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း- 

(က) ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( ခ ) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

( ဂ ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

၁၀။ အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၁၁။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။

၁၂။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၂၁ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။