| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဦးရဲထွဋ် |
|
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) |
|
|
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ |
| သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန | |
| အကြောင်းအရာ |
၁၉၉၈ ခုနှစ်က စံပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်းအား အိုင်ဗင်ဟို ကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရတို့သည် မြန်မာအိုင်ဗင်ဟို ကြေးနီကုမ္ပဏီကို ထူထောင်ကာ ဖက်စပ်တူးဖော် လုပ်ကိုင်ခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် လက်ရှိရာထူးနှင့် ဖွဲ့စည်းပုံကို ဖျက်သိမ်း၍ မြန်မာအိုင်ဗင်ဟို ကုမ္ပဏီသို့ အပြီးအပိုင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သော အမှတ်(၁)ကြေးနီ သတ္တုတွင်းဝန်ထမ်းများထဲမှ လုပ်သက်ဆုငွေသာ ခံစားခွင့်ရရှိခဲ့ကြသော လုပ်သက်(၂၀)နှစ်မှ လုပ်သက်(၃၀)နှစ်အကြားရှိ ဝန်ထမ်းများနှင့် မည်သည့် ခံစားခွင့်မရခဲ့ကြသော ကျန်ဝန်ထမ်းများအတွက် ပင်စင်ခံစားခွင့်နှင့် ရသင့်ရထိုက်သော အခြားခံစားခွင့်များပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၂၀)တွင် ဖတ်ရှုပါ။ |