Share this

၁၈ ရက်မြောက်နေ့ အစီအစဉ် (၁၅-၂-၂၀၁၈)

Thursday, February 15, 2018 - 09:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

၁၈ ရက်မြောက်နေ့ အစီအစဉ်

[ ၁၅ - ၂ - ၂၀၁၈ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၁၈ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က)   ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ တွီကင်းဝကျေးရွာနှင့် ဘောင်ကူးကျေးရွာကြား (ပလက်ချောင်း) လူကူးကြိုးတံတား အရှည်ပေ(၃၂၀)ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ဟရင်းထန်း - ဝေါ်တီး - ကေလုံ - ဘလေး - လုံငိုး ဆိုင်ကယ်လမ်း အား ၁၈ ပေအကျယ် ကားလမ်းအဖြစ် လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဖောက်လုပ်ပေးရန်  အစီအစဉ် ရှိ / မရှိ နှင့် စပ်လျဉ်းသည့်  မေးခွန်း၊

( ဂ )  ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့်      ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်း။

  ၆။    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ဥပဒေကြမ်းတစ်ရပ်ချင်းစီအလိုက် ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

  ၇။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

  ၈။    ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

  ၉။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၁။    ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

၁၂။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၃။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၄။    ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခြင်း။

၁၅။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၆။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၇။    ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခြင်း။

၁၈။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၉။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၁၉ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။