Share this

၁၇ ရက်မြောက်နေ့ အစီအစဉ် (၂၅ - ၂ - ၂၀၁၉)

Monday, February 25, 2019 - 08:09
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

၁၇ ရက်မြောက်နေ့ အစီအစဉ်

[ ၂၅ - ၂ - ၂၀၁၉ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ 

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၁၇ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာအမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း -

(က)    ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံ လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်ဖြစ်သော ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသော စက်တင်ဘာလ(၉)ရက်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် သို့မဟုတ် ရခိုင်ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )   ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှ ကျိုက်မွန်းပလော့တောင်ခြေတွင်ရှိသော ဥယျာဉ်သီးနှံခြံများနှင့် ယင်းလမ်းရှိ လယ်ကွင်းများမှထွက်ရှိသော လယ်ယာ၊ ဥယျာဉ်ထွက်ကုန်သီးနှံ များကို သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်ထုတ်ကျောက်ချောလမ်းနှင့် တံတားများအား တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်း သည့် မေးခွန်း၊

( ဂ )   ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ပေါက်သို့ ဆက်စပ်ပေးမည့် ကော့ကရိတ် - ဘားအံ လမ်းပိုင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)    ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေး တိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ကမ်းနားလမ်းနှင့် ယင်းလမ်းပေါ်ရှိ တုတ်ချောင်း တံတား၊ ဘုံကျောင်းတံတား၊ သစ်ချိုကုန်းရပ် ချောင်းကူးတံတားတို့အား အရည်အသွေးမီ ကွန်ကရစ်လမ်းခင်းပေးရန်နှင့် အဆင့်မီသံကူကွန်ကရစ် တံတားများ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )   ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၊ မဲသပုံကျေးရွာနှင့် ကွီးကျယ်ကျေးရွာ၊ ကွီးကျယ်ရေတံခွန်သို့သွားသည့်လမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားအမာခံလမ်း(၂)မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။      ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ၂၀၁၆ ခုနှစ်၊ အမျိုးသား မြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သော အမျိုးသား မြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသား မြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေ အသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း -          

                   (က)    ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

                   ( ခ )   နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၊

                             ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

                   ( ဂ )   ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

                   (ဃ)    ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)

  ( င )   ဦးမန်းထွန်းကြိုင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)

                   ( စ )   ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

                   (ဆ)    ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)         

၈။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၈ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။