Share this

၁၅ ရက်မြောက်နေ့ အစီအစဉ် (၈-၂-၂၀၁၈)

Thursday, February 8, 2018 - 09:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

၁၅ ရက်မြောက်နေ့ အစီအစဉ်

[ ၈ - ၂ - ၂၀၁၈ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် ၁၅ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ပြည်တွင်းစစ်ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေထိုင်နေကြရသော ဒေသအသီးသီးမှ စစ်ပြေးဒုက္ခသည်များအား ပြည်ထောင်စုအစိုးရမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုခြင်း  နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ကြက်စာ အတွက် ထုံးဓာတ်ပါဝင်သည့် ကျောက်ဆွေးများကို စစ်ကိုင်းမင်းဝံတောင်မှ တူးဖော်ထုတ်ယူသုံးစွဲနေသောကြောင့် မင်းဝံတောင်ကြီး ပြိုလဲပျက်စီးသွားရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ နေရပြီဖြစ်သဖြင့် အချိန်မီတားဆီး ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် နတ်မတောင် ဥယျာဉ်ဧရိယာ သတ်မှတ်ရာ၌ ပွင့်လင်း မြင်သာမှုမရှိပါသဖြင့် ကျေးရွာပြည်သူများနှင့် သက်ဆိုင်ရာအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ သိရှိအောင်ချပြပြီး ပြန်လည်သတ်မှတ်ပေး ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

          -        ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)

၇။      ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း-

                   (က)   ဦးခင်မောင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

                   ( ခ )  ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

                   ( ဂ )  ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)

                   (ဃ)   ဒေါ်မြတ်သီတာထွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)

                   ( င )  ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

                   ( စ )  ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

၈။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ၁၆ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။