ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
၁၂ ရက်မြောက်နေ့ အစီအစဉ်
[ ၂၈ - ၅ - ၂၀၁၉ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ အိုက္ကား-လုံသာရ်ကျေးရွာချင်းဆက် ကားလမ်း(၁၂)မိုင်အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး ခရိုင်၊ ဟားခါးမြို့နယ်အတွင်းရှိ သီလာခ့် (Tilak) ကျေးရွာနှင့် ချောန်ကျွမ်း (Chawncum)ကျေးရွာတို့ကြားရှိ ကျေးရွာချင်းဆက်ကားလမ်းကို လမ်းတာ ချဲ့ထွင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ တလွန်ရမ်း(ခ)စာကျက်ကျေးရွာမှ ဝေါင်သူးကျေးရွာ၊ ဇဲဖိုင်(က)ကျေးရွာမှ စာကျက်ကျေးရွာ၊ ဇဲဖိုင်(ခ)ကျေးရွာမှ ငါလန်ကျေးရွာ၊ ဟရီဖီး(ခ)ကျေးရွာမှ ဇာဘုန်ကျေးရွာ၊ အိုင်ဘူရ်းကျေးရွာမှ လုံကျွဲသဲကျေးရွာ၊ ဟရီဖီး(ခ)ကျေးရွာမှ ဝမ်ကွားကျေးရွာကြား ကျေးရွာချင်းဆက်လမ်းများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊
(ဃ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ တွီကင်းအလောင်းကျေးရွာမှ အိုရင်ဝကျေးရွာ၊ တလစာဝကျေးရွာ၊ ယီးလာဝကျေးရွာ၊ ဦးရှိန်ဝကျေးရွာ၊ ဒုံးလက်ဝကျေးရွာ၊ ဒလက်မေချောင်းဝအထိ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်တွင် ညောင်လေးပင်လမ်းခွဲမှ ကတိုက်ကလေး- တောကြီး မြေနီလမ်းအား ကွန်ကရစ်လမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( စ ) ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ အိမ်ရှေ့တောင်ကျေးရွာအနီး ပန်းလောင်မြစ်ကူး သံကူကွန်ကရစ် တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဆ) ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စု၊ ကျေးရွာချင်းဆက်လမ်းရှိ နန့်သဘက်ချောင်းနှင့် နမ္မတီးချောင်းဆုံရာချောင်းတွင် တည်ဆောက်ထားသော ယာယီချောင်းကူးတံတား အစား ရာသီမရွေးသွားလာနိုင်သော သံကူကွန်ကရစ် တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဇ ) ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တောင်ဘက်ရှိ ကန္တလီကျေးရွာသို့ ဖြတ်ကူးရသော ဘော်ဘင်ချောင်းကူး ကြိုးတံတားအား (၁၀)တန်ဝန်ခံ ခိုင်ခန့်သည့် သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြောင်းလဲ တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဈ ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ယူဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများ ဘတ်ဂျက်နှစ်စပြီး ၅လ/၆လကြာသည့်တိုင် မည်သည့်အတွက်ကြောင့် စတင်နိုင်ခြင်း မရှိသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၈။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆို တင်သွင်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၃ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။