Share this

၁၂ ရက်မြောက်နေ့ အစီအစဉ် (၂၃ - ၃ - ၂၀၂၀)

Monday, March 23, 2020 - 10:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၁၂ ရက်မြောက်နေ့ အစီအစဉ်

[ ၂၃ - ၃ - ၂၀၂၀ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ပါရာကျေးရွာအုပ်စု၊ ပါရာကျေးရွာနှင့် အိန္ဒိယ-မြန်မာကျောက်တိုင် အမှတ်(၁၈) မပည - ၀၀၈၄၄၁ ဆဘောင်းတေကျေးရွာ၊ ရှာအိုကျေးရွာ၊ ဟေမာပိကျေးရွာ၊ ဟေမာတေကျေးရွာများအကြား ဆိုင်ကယ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသည် ယခင်က အမြင့်မြို့ဟူ၍ ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်ခဲ့ပြီး စေတီပုထိုး၊ တန်ဆောင်း၊ ဇရပ်၊ သိမ်၊ ကန်၊ ကျုံး စသည့် ရှေးဟောင်းသမိုင်းဝင်များ ယိုယွင်းပျက်စီး လျော့နည်း ပျောက်ကွယ်လုနီးနီး ဖြစ်နေပါသဖြင့် နိုင်ငံတော်မှ အချိန်မီ အမြန်ဆုံးပြင်ဆင်မွမ်းမံ ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊

( ဂ ) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) ခုနှစ်အရ ကလေး အလုပ်သမားများ၏ အခွင့်အရေးအား ကာကွယ်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများက မည်သည့်အစီအမံယန္တရားများအား မည်သို့ ထားရှိ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာ့သင်္ဘောသားများ၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီး ဌာနမှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်၊ ၁/၂၀၁၂ ဖြင့် ထုတ်ပြန်သော “အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေများ” (၂၀၁၂)။ အခန်း(၂)၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ အပိုဒ်(၄)၊ အပိုဒ်ခွဲ(စ) (၃)။ ခြွင်းချက်စာသားကို ပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိ နှင့် ပြင်ဆင်မည်ဆိုပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ပြင်ဆင်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မန္တလေး- လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်းပိုင်း ကီလိုမီတာ (၅၉၂.၂၃)မှ(၅၉၉.၄၈) အထိ (၇.၂၅) ကီလိုမီတာအား လမ်းဘေးကွန်ကရစ်ဘောင်နှစ်ဖက် ဆောင်ရွက်ခြင်း Cement Stabilized Base လွှာခင်းခြင်း၊ AC အပွန်းခံလွှာခင်းခြင်း၊ လမ်းဘေးဝဲယာ အမာခံလမ်းပခုံးနှင့် မြေသားလမ်းပခုံး ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ပြီး ယာဉ်သွားလမ်းပေါ်တွင် Road Line ဆွဲခြင်း၊ လိုအပ်သော နေရာများတွင် ဝဲယာလမ်းဘေး ရေမြောင်းတူးခြင်းနှင့် ၎င်းလမ်းမ တစ်လျှောက်တွင် All RC Box Culvert (၉)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား မဖြစ်မနေ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင် - သပြေကိုင်း - တောင်ဦးတို့ ဆက်သွယ်ထားသော မြို့နယ်ပတ်လမ်းအား သွားလာမှု လွယ်ကူစေရန် လမ်းအဆင့်မြှင့် ပြုပြင်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးကြည်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ - သင်္ဃန်းကြီး - ပြင်စလူ ကတ္တရာလမ်းသည် (၁-၁၁-၂၀၁၉) ရက်နေ့တွင် ရွေးမြစ်ရေ တိုက်စားမှုကြောင့် မိုင်(၂/၆-၂/၇)ကြား ကမ်းပါးပြိုကျမှုမှစပြီး (၈-၁၁-၂၀၁၉) ရက်နေ့တွင် ထပ်မံပြိုကျခဲ့ရာမှ လမ်းကြောင်းပြတ်တောက်မှု မဖြစ်စေရေးနှင့် လမ်းတူကြောင်းအသစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် ဆည်မြောင်းဦးစီးဌာနအနေနှင့်လည်း ရေငန်မဝင်ရောက်နိုင်ရန် အတွက် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများအား ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ကျေးရွာချင်းဆက် မြေသားလမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဦးခင်ဇော်ဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ ပျက်စီးနေသောမူလလမ်းဟောင်း ကျိုက်ပရံ - ကော့ဘွီးလမ်း ၂ မိုင် ၆ ဖာလုံအား ဂဝံမြေသားလမ်း ခင်းပေးရန်နှင့် ထိုလမ်းပိုင်းပေါ်တွင် ဆောက်လုပ်ရန် ကျန်ရှိသည့် တံတား(၅)စင်းတို့အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ည) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂)မြို့နယ် ဆက်သွယ်လျက်ရှိသော ကြို့ကုန်းကျေးရွာနှင့် ပန်းတောကျေးရွာ သွင်းကုန်၊ ထုတ်ကုန် မြေသားလမ်း ပြုလုပ်ပေးရန်နှင့် ၎င်းမြေသားလမ်းပေါ်တွင် ဂဝံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၉။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၁။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တရားလွှတ်တော် ရှေ့နေများ ကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို       ဖတ်ကြားရှင်းလင်းခြင်း။

၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပြီး ပေးပို့လာသော တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာအပေါ်  လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၃။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဗိုလ်မှူးကြီးသန်းနိုင်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ်

( ခ )ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်း၊ တပ်မတော်သားကိုယ်စားလှယ်

( ဂ )ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ တပ်မတော်သားကိုယ်စားလှယ်

(ဃ)ဗိုလ်ကြီးဒေါ်သဇင်လှိုင်၊ တပ်မတော်သားကိုယ်စားလှယ်

၁၄။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဗိုလ်မှူးကြီးသန်းနိုင်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ်

( ခ )ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်း၊ တပ်မတော်သားကိုယ်စားလှယ်

( ဂ )ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ တပ်မတော်သားကိုယ်စားလှယ်

(ဃ)ဗိုလ်ကြီးဒေါ်သဇင်လှိုင်၊ တပ်မတော်သားကိုယ်စားလှယ်

၁၅။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဗိုလ်မှူးကြီးသန်းနိုင်ဝင်း၊ တပ်မတော်သားကိုယ်စားလှယ်

( ခ )ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်း၊ တပ်မတော်သားကိုယ်စားလှယ်

( ဂ )ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ တပ်မတော်သားကိုယ်စားလှယ်

(ဃ)ဗိုလ်ကြီးဒေါ်သဇင်လှိုင်၊ တပ်မတော်သားကိုယ်စားလှယ်

၁၆။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့် ရောသုံးသည့် အီသနောလောင်စာဆီကို ပြည်တွင်း၊ အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက် ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကို လျော့နည်းစေရန် အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သော အီသနော(ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်ရာခိုင်နှုန်း အချိုးအဆအား ဓာတ်ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း(Mandate)ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ် ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း- 

(က)ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

 ( ခ ) ဒေါက်တာတင်တင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

( ဂ )ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

(ဃ)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

( င )ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)

၁၇။ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ သက်တမ်း တိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၁၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၃ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။