Share this

၁၁ ရက်မြောက်နေ့ အစီအစဉ် (၆ - ၃ - ၂၀၂၀)

Friday, March 6, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၁၁ ရက်မြောက်နေ့ အစီအစဉ်

 [ ၆ - ၃ - ၂၀၂၀ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာကို တရားဝင်အမည်ပေါက် ကျေးရွာ ဖြစ်စေရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ မြို့နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော (OSS) ရုံးများအား အများပြည်သူအသုံးများသော နေရာများတွင် ဖွင့်လှစ်ရန်နှင့် (OSS) လုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်စေရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၏ သာမိုးတောင် ကျေးရွာအုပ်စုအတွင်းရှိ ကပ်ပယ်ကျေးရွာနှင့် ထမုံကျေးရွာအုပ်စုအတွင်းရှိ ခပေါင်းပင်ကျေးရွာ (ဒေသအခေါ်အဝေါ် ထမုံဥယျာဉ်ကျေးရွာ) နှစ်ရွာကို ၂၀၁၈ ခုနှစ် ပြည်ထဲရေးမှတ်တမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၏ ကျွဲရိုင်းပြင်ကျေးရွာအုပ်စုသို့ ဖွဲ့စည်းထည့်သွင်းခြင်းအား ပြန်လည် ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်း(မုံရွာ)အား လက်ပတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်း လုပ်ဆောင်ရန်အတွက် လယ်မြေနှင့်ယာမြေ၊ မြေငှားရမ်းခနှုန်းထားများအား  ပြင်ဆင်တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပတောင်းတောင် ကြေးနီစီမံကိန်း အတွက် ယနေ့တိုင် မြေယာ၊ သီးနှံလျော်ကြေး ထုတ်ယူခြင်းမရှိသေးသော တောင်သူများအား ယနေ့ဖြစ်ပေါ်နေသော ကာလပေါက်ဈေးဖြင့် ပေးလျော်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) စောသန်းထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုအနီးရှိ ကျေးရွာတချို့တွင် ရေတွင်းရေကန်နှင့် အင်းအိုင်များ၌ သောက်သုံးရေများ အမည်းရောင်ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း၊

 (ဆ) ဦးစိုင်းအုန်းကျော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ လယ်ဧက (၉၀၀)ကျော်အား ရေပေးဝေနေသော ဗမုံဆည် မြောင်းမကြီး မြောင်းပေါင်အား ဖောက်ထုတ်ပြီး (အခြေချ)စစ်ဗျူဟာမှ ငါးကန် ၂ ကန်အတွင်းသို့ ရေများ သွယ်ယူနေခြင်းအား တားဆီးပိတ်ပင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ နယ်မြေခံခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားသော မြေတချို့ကို ပြန်လည် စွန့်လွှတ်ပေးရေးကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း၊

( ဈ ) ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တိုင်ဝကျေးရွာအုပ်စုနှင့် တွီကင်းဝကျေးရွာ အုပ်စုကြားရှိ ပါးဝ - ရိန်းရောင်း - ဟားလာဝ - ကန့်လာဝ - တွီကင်းဝ ကျေးရွာချင်းဆက်လမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ည) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ မာရာတောင်ကြောရှိ ကျေးရွာအုပ်စု(၃)စု၏ ကျေးရွာချင်းဆက် လမ်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဋ ) ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးရွာများအား မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားရရှိမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဌ ) ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်ရှိ မဏိပူရ်မြစ် ရေအားလျှပ်စစ်စီမံကိန်းအား BOT စနစ်ဖြင့် ချင်းပြည်သူများ၏ လျှပ်စစ် ဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ သဘာဝသစ်တော ပြုန်းတီးခြင်းမှ ကာကွယ်ခြင်းတစ်ခုဖြစ်၍လည်းကောင်း၊ နိုင်ငံတော်အတွက် အရေးတကြီး လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို အချိန်တိုအတွင်း ရရှိရန်ဖြစ်ခြင်းကြောင့်လည်းကောင်း ပြန်လည်အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဍ ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့မှ ၈၆ မိုင် ကွာဝေးသော ဂန့်ဂေါမြို့ဓာတ်အားခွဲစက်ရုံမှ မတူပီမြို့နယ်၊ ရေဇွာမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းပေးဝေခြင်းပြုမည့်အစား ဟားခါးမှ မိုင် ၆၀ အကွာ၌ရှိသော လေအွမ်(ခ)ဓာတ်အားခွဲရုံမှ မိုင် ၄၀ ခန့်ဝေးသော ဆူရ်ခွါးမြို့သို့ အရင်သွယ်တန်းပေးဝေပြီးမှ ရေဇွာမြို့(ဆူရ်ခွါးမှ ၅၃ မိုင်)သို့ လည်းကောင်း၊ ထန်တလန်မြို့နယ် နှာရိန်မြို့ (ဆူရ်ခွါးမှ ၅၁ မိုင်)သို့လည်းကောင်း သွယ်တန်းပေးဝေပါက နိုင်ငံတော်အတွက် ကုန်ကျစရိတ်အမြောက်အမြား သက်သာမည်ဖြစ်ပါသဖြင့် ထိုသို့ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။

  ၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

  ၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပြီး ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။

  ၉။ တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

-ဦးဆန်းမြင့်၊  ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်( ၃ )

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၁၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၆။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့် ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက် ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကို လျော့နည်းစေရန် အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သော အီသနော(ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်ရာခိုင်နှုန်း အချိုးအဆအား ဓာတ်ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း(Mandate)ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ် ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်း နှင့် လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။

၁၇။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

(သို့မဟုတ်)

အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၂ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။