| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးမောင်မောင်အုန်း |
| ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး |
| လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ရေလှောင်တမံများ နှင့် ရေကာတာများတွင် အရေးပေါ်ရေပိုရေလွှဲစနစ်များ ရှိ/မရှိ၊ ရှိပါက အဆင့်အလိုက် ကာကွယ်စီမံထားရှိမှု အခြေအနေ၊ တာ/တမံများ ခိုင်ခံ့မှုကို ပြည်တွင်းပြည်ပပညာရှင်များနှင့် ပူးပေါင်းစစ်ဆေးမှု ရှိ/မရှိ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျပ် ၂၀ ဘီလီယံ သုံးစွဲသွားမည်ဟု ကြားသိရပြီး ယင်းငွေများကို အရေးပေါ် ကြိုတင် ပြင်ဆင် စီမံဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် မည်သည့်အတိုင်းအတာအထိ အသုံးပြုမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၉)တွင် ဖတ်ရှုပါ။ |