Share this

အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ကချင်တိုင်းရင်းသားလူမျိုးဖြစ်စဉ်နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

Friday, September 14, 2018 - 10:55
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်သည် ဒေါ်နန်ပူ၊ ဒါရိုက်တာ၊ Htoi (Win Let) Gender and Development Foundation ဦးဆောင်သည့် ကချင်လူမျိုးစုကိုယ်စားလှယ်အဖွဲ့အား (၁၃.၉.၂၀၁၈)ရက်နေ့ (၁၇၀၀) နာရီတွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် သတ်မှတ်ချက်အမျိုးမျိုးဖြစ်နေသော ကချင်တိုင်းရင်းသားလူမျိုးဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူးဦးနိုင်သီဟနှင့် ကော်မတီဝင်များ၊ ကချင် တိုင်းရင်းသားလူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်၊ လူမျိုးစုဆိုင်ရာ ကိုယ်စားလှယ်များ၊ ကချင်အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကချင်လူငယ် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။