ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစီအစဉ်
[ ၄ - ၂ - ၂၀၁၉ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမငယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)တွင် အသက်မွေးဝမ်းကျောင်း အတတ်ပညာ လက်တွေ့သင်ကြား ပြသမှုအတွက် အထောက်အကူပြု မော်တော်ယာဉ်များ အသုံးပြုပြီး စီမံဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် အထောက်အကူပြု မော်တော်ယာဉ်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း-
(က)ဗိုလ်ကြီးဒေါ်သန်းသန်းဝင်း၊ တပ်မတော်သားကိုယ်စားလှယ်
( ခ )ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေ၊ တပ်မတော်သားကိုယ်စားလှယ်
( ဂ )ဗိုလ်ကြီးဒေါ်သဇင်လှိုင်၊ တပ်မတော်သားကိုယ်စားလှယ်
(ဃ)ဗိုလ်မှူးဇာနည်ထက်အောင်၊ တပ်မတော်သားကိုယ်စားလှယ်
( င )ဗိုလ်မှူးကြီးနိုင်ဦး၊ တပ်မတော်သားကိုယ်စားလှယ်
၇။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-
-ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ရပ်နားကြောင်းနှင့် နဝမနေ့အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။