Share this

သတ္တမနေ့ အစီအစဉ် (၂၈ - ၁၁ - ၂၀၁၈)

Wednesday, November 28, 2018 - 08:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး 

သတ္တမနေ့ အစီအစဉ်

[ ၂၈ - ၁၁ - ၂၀၁၈ ](ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် သတ္တမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း -

(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက်နေ  ပြည်သူများ နေထိုင်လျက် ရှိသည့် အိမ်ရာမြေများ လယ - (၃၀-က) ရရှိရေးနှင့် မြေစာရင်းပုံစံ (၁၀၅) (၁၀၆) မြေပုံရေးဆွဲရေး၊ မြေငှားဂရန်ရရှိရေးကိစ္စများကို မြို့နယ်ပြည်သူလူထု အဆင်ပြေစေရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် မြို့ကွက်အမှတ် (၁-က) မြို့သစ်အကွက်နှင့် (၁-ခ) ကျောက်တော် အကွက်များအား (၆၄ လက်မ ၁ မိုင်)စကေးဖြင့် မြေတိုင်းတာနိုင်ရေး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲချိုမော်အုပ်စု၊ ဒုပြင်ရှည်အုပ်စု၊ ကျွဲရိုင်းခတ် အုပ်စုအတွင်း ဆားငန်ရေ ဝင်ရောက်သည့် လယ်မြေများအတွက် ကျွဲရိုင်းခတ် ရေငန်တား တာတမံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ရာတွင် ပေးဆောင် ရမည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ တို့ကို မည်၍မည်မျှ ပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန သဘော တူညီချက်ဖြင့် ဦးစီးဌာနမှ အမြန်ဆုံး ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၊ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်အမိန့်စာ အမှုတွဲအမှတ် ၅၀/မလ/၉၅ - ၉၆ (ရှမ်း)အရ နှစ်ရှည်ပင် စိုက်ပျိုးလုပ်ကိုင်ခွင့် နှစ်(၃၀) ချပေးထားသော မြေပေါ်တွင် သက်တမ်းမကုန်သေးကြောင်း ဒေသ အာဏာပိုင်များက သိပါလျက်နှင့် လန - ၃၉ (မြေပေးအမိန့်)စာဖြင့် မြေကွက်များ ချပေးထားခြင်း၊ တိုးချဲ့ရပ်ကွက်သစ်ဖော်ရန်အတွက်ဟု ဆိုကာ တောင်ကုန်းများဖြို၍ မြေကြီးများ သယ်ယူရောင်းစားလျက်ရှိနေသဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် (၇)နှစ်နီးပါး ရပ်ဆိုင်းထားရပြီး မြေများ လက်လွတ် ဆုံးရှုံးနေမှုတို့ကို ပြန်လည်တည့်မတ်အကာအကွယ်ပေးညွှန်ကြားရန် အစီအစဉ် ရှိ/မရှိနှင့် တာဝန်ပျက်ကွက်သူ အာဏာပိုင်ကို အရေးယူရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊ 

( င ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သူ/မြို့သားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ပြီး ယခု ပျက်စီးယိုယွင်းနေသော ထွန်းရွှေဝါခန်းမကြီးအား ပြုပြင်ရန်နှင့် အေးမြသာယာကျေးရွာအုပ်စုပိုင်အဖြစ် စည်ပင်သာယာမှ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက ပျက်စီးယိုယွင်း နေသော ယင်းခန်းမကြီးအား အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တရားရုံးသို့ လမ်းမကြီးမှဝင်ရန် တူးမြောင်းဖြတ်ကျော် တံတားသည် (၅)ပေအကျယ်၊ အလျား(၁၅)ပေ ရှိသည့် သစ်ခွဲသားငယ်တိုင်များ၊ ယက်မများ၊ ဆင့်များဖြင့် ဝါးကတ်များခင်း၍ ဆောက်လုပ်ထားသည့် တံတား ဖြစ်သဖြင့် မော်တော်ယာဉ်ကဲ့သို့ လေးလံသည့် သက်သေခံပစ္စည်းများကို တရားရုံးဝင်းထဲသို့သွင်းရန်၊ ရုံးဝင်းထဲမှ ပြန်ထုတ်ရန်၊ လုံးဝသုံးမရပါသောကြောင့် လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ အလျင်အမြန် လိုအပ်နေသည့် လေးလံသော သက်သေခံပစ္စည်းများ သွင်း/ထုတ်နိုင်မည့် ခိုင်ခန့်သော အဝင်/အထွက် တံတား(၂)စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း-

(က)ဒေါ်မြတ်သီတာထွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)

( ခ )ဒေါ်ရွှေရွေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( ဂ ) ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

(ဃ)ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အဋ္ဌမနေ့အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။