| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးမျိုးဝင်း |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရော်ဘာခြံ၊ ဆီအုန်းခြံ၊ ယူကလစ်ခြံတို့ကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းများနှင့် နွားခြံ၊ ငါးကန်၊ ပုစွန်ကန်၊ ကဏန်းကန်တို့ကဲ့သို့သော စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဧက ထောင်၊ သောင်းချီသော မြေလွတ်မြေရိုင်းများကို လျှောက်ထားရယူထားခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် အသင်းအဖွဲ့များနှင့် ထိုအသင်းအဖွဲ့များ ရယူပိုင်ဆိုင်ထားသည့် မြေယာများအပေါ် ဥပဒေနှင့်အညီ မည်ကဲ့သို့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၁)တွင် ဖတ်ရှုပါ။ |