| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးစိုးဝင်း |
| ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် ကျောက်အိုင်ကျေးရွာအစပ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် (၃) နှင့် မိုင်တိုင် (၅)အကြား လမ်းဘေးမြေလွတ်မြေလပ်တွင် “ရတနာအောင်” ကျေးရွာသစ်စီမံကိန်း၌ အိမ်၊ ခြံ မြေကွက် ဝယ်ယူနေထိုင် ခဲ့ကြသော အိမ်ခြေ(၈၀၀၀)ကျော်အား ကျူးကျော်အဖြစ် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အင်အားသုံး ဖျက်သိမ်းနှင်ထုတ် ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ စိစစ်၍ နစ်နာသူများအား လျော်ကြေး၊ နစ်နာကြေးများပေးရန်နှင့် နေရာထိုင်ခင်း စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၉)တွင် ဖတ်ရှုပါ။ |