| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးဌေးဦး |
| ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး |
| ပြည်ထဲရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် နှင့် လှည်းကူးမြို့နယ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသား မရှိဆင်းရဲသားပြည်သူများအပေါ် ကျူးကျော်သူများဟုစွပ်စွဲကာ တရားရုံး အမိန့်ဒီကရီမပါရှိဘဲ နေအိမ်များကို အကြမ်းဖက်အင်အားသုံးပြီး ဖျက်ဆီး ဖယ်ရှားခဲ့သည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက် အခြေပျက်၊ အနေပျက် ဘဝများပျက်စေသည့် လုပ်ရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲ တပ်ရင်းတပ်ဖွဲ့များမှ အဘယ့်ကြောင့် တားဆီးအရေးယူခြင်း မပြုခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၁၂)တွင် ဖတ်ရှုပါ။ |