| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဒေါ်ထုမေ |
| ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) | |
| ရခိုင်အမျိုးသားပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးလှကျော် |
| စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် သန့်ရှင်းသော သောက်သုံးရေ တစ်နှစ်ပတ်လုံး လုံလောက်စွာရရှိရေးအတွက် ခမောင်းချောင်း လျှိုပိတ်ဆည် (တပ်တောင်ဆည်)မှ ရေများကို ပိုက်များဖြင့် စနစ်တကျ သွယ်တန်းပေးပြီး တပ်တောင်မြို့အား ရေပေးဝေရေးအတွက် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် သောက်သုံးရေလုံလောက်စွာမရရှိသေးသော တခြားမြို့များကိုလည်း သောက်သုံးရေ ဖြန့်ဖြူးနိုင်ရန်အတွက် လျှိုပိတ်ဆည်များ(သို့) တခြားသော ရေသိုလှောင်သည့် နည်းစနစ်များဖြင့် ရေပေးဝေရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၀)တွင် ဖတ်ရှုပါ။
|