|
အစည်းအဝေးကျင်းပသည့် နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးစိုးဝင်း |
| ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးတင်မြင့် |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန | |
| အကြောင်းအရာ |
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အံ့တော်ရပ်ကွက်၊ အံ့တော်ကွင်းရှိ စားကျက်မြေတွင် ဒေသခံများကို အဓမ္မလုပ်အားပေးခိုင်းစေကာ “သံတွဲခရိုင် စံပြရော်ဘာစိုက်ပျိုးကွင်း”အဖြစ် အကောင်အထည်ဖော် စိုက်ပျိုးခဲ့ကြပြီး အဆိုပါ ရော်ဘာခင်းကို ထိုစဉ်က ဦးဆောင်စိုက်ပျိုးခဲ့ကြသည့် ခရိုင်အကြီးအကဲများကပင် ဦးပိုင်အမည်ပေါက်ရယူခဲ့ကြပြီး ယခုအခါ ခရိုင်အကြီးအကဲများမှ ရယူထားသော ရော်ဘာခင်းများတွင် ကုမ္ပဏီများမှဝင်ရောက်၍ လုပ်ငန်းများဆောင်ရွက်နေခြင်းများမှာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်း ရှိ/မရှိနှင့် စားကျက်မြေနေရာ အသစ်တစ်ခု ထပ်မံ၍ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၈)တွင် ဖတ်ရှုပါ။ |