| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ |
ဒေါ်စန်းစန်းမြင့် |
|
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) |
|
|
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ |
|
| ပြန်လည်ဖြေကြားသူ |
ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း |
| ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ | |
| အကြောင်းအရာ |
ယခုအခါတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် မြို့နယ်ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ ဥပဒေဆိုင်ရာ အထောက်အကူ ဥပဒေ၊ နည်းဥပဒေများတွင် ပြစ်မှုကျူးလွန်သူများ ရှေ့နေရှေ့ရပ်များ မငှားနိုင်ပါက လိုက်နာဆောင်ရွက်ပေးရန်သာဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် တရားမလမ်းကြောင်းအရ တရားမဥပဒေများဖြင့် စွဲဆိုရမည်ဆိုပါက ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့များမှ လိုက်ပါဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် မည်သို့ လမ်းညွှန်မှု၊ အကြံပေးနိုင်မှုများ ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၂)တွင် ဖတ်ရှုပါ။ |