| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးလှမြင့်(ခ)ဦးလှမြင့်သန်း |
| မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး |
| ပြည်ထဲရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်း ကျေးရွာအနီး မြေလွတ်မြေလပ်များတွင် တဲအိမ်ဖြင့် အိမ်ခြေ ၄၀၀ ခန့် အခြေချနေထိုင်သူများကို အကြမ်းဖက်ရိုက်နှက်နှင်ထုတ်ပြီး အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ စိစစ်ခြင်း၊ နစ်နာသူ များအား ကုစားပေးရန်နှင့် တာဝန်ရှိသူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း ။ ဖြေကြားချက် အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ အစည်းအဝေး မှတ်တမ်း ၏ စာမျက်နှာ (၁၁)တွင် ဖတ်ရှုပါ။ |