|
အစည်းအဝေးကျင်းပသည့် နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးအေးမင်းဟန် |
| မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) | |
| အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးကျော်မျိုး |
| ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန | |
| အကြောင်းအရာ |
မော်လမြိုင်- ရန်ကုန် မီးရထားသံလမ်း အဆင့်မြှင့်တင်မှုကို အမြန်ဆုံးပြီးဆုံးအောင် ဆောင်ရွက်ပေးရန်နှင့် မီးရထားလမ်းတစ်လျှောက် ကြံ့ခိုင်မှုမရှိတော့သည့် တံတားများကို ပြန်လည်ပြုပြင်ပေးရန်၊ ခေတ်မမီတော့သည့် ရထားတွဲများ၊ မီးရထားစက်ခေါင်းများနေရာတွင် ခေတ်မီစက်ခေါင်းသစ်များ၊ တွဲများဖြင့် ပြောင်းလဲပြေးဆွဲပေးရန်နှင့် ရထားလက်မှတ်များကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၁၅)တွင် ဖတ်ရှုပါ။ |