| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးမာန်လောမောင်း |
| ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း |
| ပညာရေးဝန်ကြီးဌာန | |
| အကြောင်းအရာ |
ဗဟိုကချုပ်ကိုင်သောစနစ် (Centralism)ကို ဖြေလျှော့ပြီး မြို့နယ် ပညာရေးမှူး လုပ်ပိုင်ခွင့်ကို မြို့နယ်အဆင့်မှာ အတည်ပြု၊ ခရိုင် ပညာရေးမှူး လုပ်ပိုင်ခွင့်ကို ခရိုင်မှာ အတည်ပြု၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူး လုပ်ပိုင်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရမှ အတည်ပြုပြီး အခြေခံပညာဦးစီးဌာနမှ သင်ကြားရေး ဝန်ထမ်းများကို ရာထူးတိုးပြောင်းရွှေ့ခြင်းများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၅၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၈)တွင် ဖတ်ရှုပါ။ |