| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးမင်းဦး |
| ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း |
| ပြည်ထောင်စုရာထူးဝန်အဖွဲ့ | |
| အကြောင်းအရာ |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း သစ်များ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူရာတွင် ‘‘နိုင်ငံရေး ကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်မူရင်း” ဆိုသည့် စည်းကမ်းချက်အား သတ်မှတ်ထည့်သွင်းခြင်းမပြုရန် ဝန်ကြီးဌာနအားလုံးကို ညွှန်ကြားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၃၂)တွင် ဖတ်ရှုပါ။
|