ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထမနေ့ အစီအစဉ်
[ ၄ - ၁၁ - ၂၀၁၉ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။
၆။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -
(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ရှိ ဖုတ်ကုန်း-နေရာခင်း-ရွာသစ်-ကိုင်း ကျေးရွာချင်းဆက်လမ်းအား မြေသားဘောင်တင် ဖောက်လုပ်ရန်အတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်မှ ကရင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များသို့ ဖာပွန်မြို့မှတစ်ဆင့် သွားလာနိုင်ရန် သံတောင်ကြီး - ဖာပွန်ကားလမ်းမကြီး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဒေါ်မေသန်းနွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာလမ်းပေါ်ရှိလမ်းနှင့် ဆည်မြောင်း တာထပ်နေသည့်အပိုင်းများအား မည်သည့်ဌာနက မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေး အဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှု အခြေအနေ၊ အကောင်အထည်ဖော် ပြီးစီးမှုရာခိုင်နှုန်းနှင့် မည်သည့် ကာလတွင် ဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်နိုင်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ငါ့သရောက်မြို့နှင့် တောင်ဇင်း - ကန်စောင့် ကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ဘဏ္ဍာရေးနှစ်အလိုက် ပိုင်း၍ အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စကားရပ် ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၈။ ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)က မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဖေတင် ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြောင်း အဆိုတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။