| အစည်းအဝေးကျင်းပသည့်နေ့ရက် | ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး |
| မေးခွန်းမေးမြန်းသူ | ဦးအောင်ကြည်ညွန့် |
| မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) | |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
| ပြန်လည်ဖြေကြားသူ | ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး |
| ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန | |
| အကြောင်းအရာ |
နိုင်ငံတော်အတွင်း အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန်အမင်း ထိခိုက်စေလျက်ရှိသည့် FDA က ပိတ်ပင်ထားသော အစား အသောက်များ စျေးကွက်တွင် တွင်ကျယ်စွာ ဆက်လက်ရောင်းချနေခြင်း၊ FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာသက်သက်ဖြင့်သာ ရေးသား ထားသော အစားအသောက်များ၊ ဥပဒေအရ သတ်မှတ်ထားသည့် အညွှန်း အချက်အလက်မပါသည့် အစားအသောက်များနှင့် ဓာတုဗေဒဆိုးဆေးများ အလွန်အကျွံသုံးထားသော အစားအသောက်များ ရောင်းချနေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ(၁၆)တွင် ဖတ်ရှုပါ။
|