ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ အစီအစဉ်[ ၃၀ - ၁ - ၂၀၁၈ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ ၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။၂။ အမျိုးသားလွှတ်တော်် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။၃။ အမျိုးသားလွှတ်တော် နဝမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်် ရယူခြင်း။၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -(က) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မောင်တော မြို့နယ်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နယ်နိမိတ်အတွင်း မြို့နယ်ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် လုံခြုံရေးအားနည်းသည့်နေရာနှင့် လုံခြုံရေးလုံးဝ မရှိသည့် ဒေသခံတိုင်းရင်းသားကျေးရွာများ၌ ပြည်သူ့စစ် ဖွဲ့စည်းပေးရန် အစီအစဥ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊( ခ ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာ၊ ပြည်သူ့ရဲစခန်းတွင် လိုအပ်လျက် ရှိသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊( ဂ ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာအုပ်စု ဖောင်းလင်း အနောက်ရွာတွင် ပြည်သူ့ရဲတပ်ဖွဲ့စခန်းတစ်ခု သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့ ရဲကင်းတစ်ခုကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာေရးနှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊(ဃ) ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီး၊ နန်းယွန်း၊ လဟယ်မြို့နယ်များတွင်ရှိသော မြို့နယ်ခွဲမှ မြို့ဟုအမည်ပြောင်းထားသည့် မိုပိုင်းလွတ်၊ ဆွမ္မရာ၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင်မြို့များအား ဌာနဆိုင်ရာ များ၏ လုပ်ပိုင်ခွင့်ပြုပေးနိုင်ရန်နှင့် လိုအပ်သော ဌာနဆိုင်ရာဝန်ထမ်းများ ချပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊( င ) ဦးသိန်းလွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဗန်းမော်လေယာဥ်ကွင်းတွင် လေဆိပ် ပင်မအဆောက်အအုံ နှင့် ရှင်းလင်းဆောင် VIP အဆောက်အအုံတို့မှာ ဟောင်းနွမ်းနေ၍ ခေတ်မီ ခန့်ညားလှပသည့် အဆောက်အအုံအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊( စ ) ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ရေသယံဇာတ ဆုံးရှုံးနေမှုများကို ကာကွယ်ရန်နှင့် ဒေသတွင်းခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် (GSM) ဖုန်းဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ ၆။ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း- (က) ဒေါ်ရွှေရွှေစိန်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) ( ခ ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) ( ဂ ) ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ)၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဃ) ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) ( င ) နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။