ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
နဝမနေ့ အစီအစဉ်
[ ၂၀ - ၂ - ၂၀၂၀ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ
၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အမျိုးသားလွှတ်တော် နဝမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
(က) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း စက်သုံးဆီအရောင်းဆိုင် မည်မျှရှိပြီး လိုအပ်သည့် အရေအတွက်ထက် ပိုလျှံခြင်း ရှိ/မရှိ၊ အကယ်၍ ထပ်မံလိုအပ်သည်ဟု ယူဆပါက မည်သည့်မူဝါဒများ ချမှတ်၍ ပွင့်လင်းမြင်သာစွာ ခွင့်ပြုပေးနေသည်နှင့် လူနေထူထပ်သည့် မြို့ရွာ၊ ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက မထိခိုက်စေရန် စဉ်းစားထားခြင်း ရှိ/မရှိ သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ခ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ဟောင်း မြေနေရာနှင့် အဆောက်အဦများကို Industrial Complex အဖြစ် သို့မဟုတ် စက်မှုလုပ်ငန်း တစ်ခုခုအတွက် ပြန်လည်အသုံးချရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဂ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ၌ လယ်ယာသုံးစက်ကိရိယာများအား ကုမ္ပဏီများမှတစ်ဆင့် လယ်သမားများ ဝယ်ယူရာတွင် အဆင်မပြေမှုများရှိနေကြသဖြင့် စီစဉ်ကြပ်မတ် ဆောင်ရွက် နိုင်သည့်အဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မြန်မာနိုင်ငံစက်မှုလက်မှုပညာရှင်များမှ ဝိုင်းဝန်းပူးပေါင်း၍ လယ်ယာသုံး စက်ကိရိယာပစ္စည်းများအား ထုတ်လုပ် ဖြန့်ဖြူး စီမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဃ) ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအုပ်စုရှိ မြေဧရိယာ (၁၆.၆၁)ဧကတွင် ခနောက်စိမ်းသတ္တုအသေးစား ထုတ်လုပ်ခွင့်ရရှိထားသော သတ္တုကုမ္ပဏီမှာ (၃၁-၁-၂၀၁၉) ရက်နေ့တွင် ခွင့်ပြုမိန့်လိုင်စင်သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ခွင့်ပြုချက်မရှိ ဆက်လက်တူးဖော်နေခြင်းနှင့် လုပ်ငန်းမြေ နေရာအား သတ္တုတွင်းပိတ်သိမ်းမှုကို ဥပဒေပါအတိုင်း မြေယာပြုပြင် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ စိမ်းလန်းစိုပြေရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိ ပျက်ကွက်နေမှုအပေါ် မည်သို့စီမံအရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( င ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများ လျော့ပါး စေရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း၊
( စ ) ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ၁၉၉၅ - ၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည် စီမံကိန်း တည်ဆောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လယ်သမားများအား အစားထိုးပေးသည့် မြေယာများ နှစ်ပေါင်း(၂၄)နှစ်ကျော် လုပ်ကိုင်ခဲ့သော်လည်း ပုံစံ(၇) မရရှိခြင်းကြောင့် ပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
(ဆ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာ့အားကစား နိုင်ငံတကာအဆင့်အတန်းမီနိုင်ရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် မြန်မာနိုင်ငံ အမျိုးသားအားကစားဥပဒေ ရေးဆွဲရာတွင် မည်သည့် အဆင့်ထိ ရောက်ရှိနေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
( ဇ ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၏ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအသစ်တချို့ကို လက်ရှိဖြည့်စွက်ဘတ်ဂျက်တွင်လည်းကောင်း၊ တချို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း သင့်တော်သလို အမြန်ဆုံး ခွဲဝေချထား ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-
- ဦးစိုးသိန်း(ခ) ဦးမောင်စိုး၊
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသား လွှတ်တော်သို့ အသိပေး တင်ပြခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် ဒသမနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။