Share this

ဒုတိယနေ့ အစီအစဉ် (၁၄ - ၇ - ၂၀၂၀)

Tuesday, July 14, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ဒုတိယနေ့ အစီအစဉ် 

[ ၁၄ - ၇ - ၂၀၂၀ ](အင်္ဂါနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဒုတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ထန်းတပင်ကျေးရွာ၊ ချောင်းကန် ကျေးရွာ၊ သလဲဦးကျေးရွာ၊ ပျဉ်းတော်ကျေးရွာတို့မှ တောင်သူ(၁၈၃)ဦး၏ လယ်ယာမြေများကို MEC သကြားစက်ရုံ (ကန့်ဘလူ)မှ သိမ်းယူခဲ့ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မြေပြန်စစ်ကော်မတီများက ပိုလျှံမြေဧက (၁၀၀)ကို ပြန်လည် စွန့်လွှတ်သင့်ပါကြောင်းနှင့် အသုံးပြုထားသောမြေများကို လျော်ကြေးငွေ ပြန်လည်တွက်ချက်ပေးနိုင်ရေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနသို့ သဘောထားတောင်းခံခဲ့ရာ ကြန့်ကြာနေမှုအား အမြန်ကူညီ ဆောင်ရွက်နိုင်ရန်နှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးပါက မိမိနေထိုင်ရာ မြို့နယ်များတွင် ပင်စင်လစာများကို ထုတ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊

( ဂ ) ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မြေယာသိမ်းဆည်းခြင်း ကိစ္စရပ်များနှင့် မြေယာအငြင်းပွားမှုကိစ္စရပ်များ မဖြစ်ပွားမီ ရှေးကာလများကပင် ထုတ်ပေးထားသည့် မြေခွန်ပြေစာပါ ကွင်းအမည်၊ ကွင်းအမှတ်၊ ဦးပိုင် အမှတ်ပါ မြေတည်နေရာမှာ မြေသိမ်းဆည်းခြင်းကိစ္စရပ်များနှင့် မြေယာ လုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာပြီးနောက်ပိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)မှ ၎င်းတို့၏ မှတ်တမ်းများအရ တောင်သူမှ တင်ပြလာသည့် မြေနေရာနှင့် တောင်သူလက်ဝယ်ရှိ မြေခွန် ပြေစာပါ မြေတည်နေရာမှာ ကွဲလွဲမှုများရှိနေသည်ဟု ဆိုလာပါသဖြင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ဧရာဝတီမြစ်ရေလွှမ်းခြင်းမှ ကာကွယ်နိုင်ရန် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ ကချင်စုရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက်များ၏ မြစ်ကမ်းပါးတစ်လျှောက် ရေထိန်းကမ်းပါးဘောင်အား သံကူကွန်ကရစ် ကျောက်စီခြင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါက်တာခွန်ဝင်းသောင်း၊ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ Asean University Games ပြိုင်ပွဲများ၌ မြန်မာ့တက္ကသိုလ် ရေကူးအသင်းသည် ယခုအခါ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ယခင်ကကဲ့သို့ မြန်မာ့တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲများ ကျင်းပ၍ ရေကူးအားကစား လောက ယခုထက် ပိုမိုမြှင့်တင်ပေးနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် လက်ရှိမြန်မာ့ရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ နုတ်ထွက်သွားပြီးနောက် အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်မှုကို မည်သည့်ကာလ၌ မည်သို့ အစားထိုးရွေးချယ်နိုင်မည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းနှင့် ကိုးသိန်းအားကစားကွင်းတို့အား ဝန်ကြီး ဌာနအနေဖြင့် ပြန်လည်ရယူ၍ မျိုးဆက်သစ်လူငယ်များ အားကစား ပြုလုပ်နိုင်ရန် တိုင်းအားကစားကွင်းနှင့် မြို့နယ်အားကစားကွင်းအဖြစ် ပြန်လည် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။

 ၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

 ၈။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်း များကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချြခင်းဆိုင်ရာ လေ့လာစိစစ်မှု” အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်း။

 ၉။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။