Share this

ဒသမနေ့ အစီအစဉ် (၂၄ - ၂ - ၂၀၂၀)

Monday, February 24, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ဒသမနေ့ အစီအစဉ်

[ ၂၄ - ၂ - ၂၀၂၀ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဒသမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဘုန်တလန်ကျေးရွာတွင် သောက်သုံးရေ ရှားပါးသည့်အတွက်  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေသန့် သွယ်ယူပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ ဒေါဖု - ဘိုးလျား ကျေးရွာချင်းဆက် မြေသားလမ်းအား (၁၂)ပေအကျယ် ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးဇယ်ခေါင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စင်ကြိုင် - ဂူခန် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ လိပ်ကုန်း(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁၃၀ x ၃၀)ပေ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်၊ လေးတောင်မြို့၊ ဇရပ်ပြင် အခြေခံပညာအထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်သည် အန္တရာယ်ရှိသော ကျောင်းဆောင်အဖြစ် ရောက်ရှိနေပါသဖြင့် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည့် ကျောင်းဆောင် များအား နှစ်အလိုက် ဦးစားပေးပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းနှင့်ကိုက်ညီသည့် (၁၅၀ x ၃၀)ပေ သို့မဟုတ် စံကိုက်နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့တွင် နွေရာသီကာလ သောက်သုံးရေ သိုလှောင်နိုင်မည့် ရေဂါလန်(၃၃)သိန်းဆံ့ ကြာကန် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့် ရေဂါလန်(၈)သိန်းဆံ့ ကျောက်စီရေလှောင်ကန်(၁)လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်း မြို့နယ်၊ ကာဘိုးဆည်ရေ၊ လှတောလက်တံ(၅)တူးမြောင်း ရေဖျားသောက် လယ်ကွင်းများအား မူးမြစ် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာရှိ ရေတင်စက်၊ ရေပိုက်များနှင့် ဝက်ရှုကျေးရွာရှိ စက်ရေတွင်းအား ပြန်လည်ပြင်ဆင် မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ SME ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုအစိုးရနှင့် JICA, KFW အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများမှ ချေးငွေများကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့် ချေးငွေပမာဏ မည်မျှကို စီမံထား၍ SME များသို့ ထုတ်ချေးပြီးပမာဏ မည်မျှရှိသည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ည) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူလယ်သမားများအတွက် “ဝ”ဥ စိုက်ပျိုးရေးချေးငွေ ထုတ်ချေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဋ ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံတော်အစိုးရ အနေဖြင့် ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ သို့မဟုတ် နုတ်ထွက်သည့်အခါ စုဆောင်းငွေတစ်ရပ်ရရှိရန် General Provident Fund (GPF) ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဌ ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် နှစ်စဉ် တစ်လတစ်ကြိမ် (၁)ရက်နေ့တိုင်း ဖွင့်လှစ် ပေးနေသည့် အောင်ဘာလေဆုမဲများကို ထီကံစမ်းထားသည့် အများပြည်သူ ထီပေါက်ခွင့်(ကံထူးခွင့်)အခွင့်အလမ်းများ ပိုမိုလာစေရန် ယခုလက်ရှိ ဖွင့်လှစ် ပေးနေသည့်ဆုမဲများမှ ထပ်ဆောင်းဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဍ ) ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏    ၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြင်ဆင် ပြီးခဲ့သော မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေများအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်ရာခိုင်နှုန်းများ လျော့ချပြင်ဆင်ခဲ့သည့်အပေါ် ယနေ့အချိန်ထိရရှိသော ပုံမှန်ဝင်ငွေခွန်၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်များရရှိမှုအခြေအနေနှင့် သက်ဆိုင်ရာ ပြည်တွင်း အခွန်များဦးစီးဌာနတို့က အခွန်တိမ်းရှောင်မှုအပေါ် ဥပဒေပြဋ္ဌာန်းပြီးသည်မှ ယနေ့အချိန်ထိ အရေးယူဆောင်ရွက်မှု အရေအတွက်နှင့် အခြေအနေတို့ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ရပ်နားကြောင်းနှင့် ၁၁ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။